Building a Successful Foundation for Scholarships Abroad

Activity Description

ကိုဖြိုးသူရဌေးက (၂၀၁၂) ခုနှစ်မှာ ဆယ်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်နည်းပညာတက္ကသိုလ်ကနေ ဘွဲ့ရထားပါတယ်။ လက်ရှိမှာတော့ စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှာ မဟာဘွဲ့တက်ရောက်နေပါတယ်။ ဟောင်ကောင်တက္ကသိုလ်မှာ နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်နဲ့ ဆန်ဒီယေးဂိုတက္ကသိုလ်မှာ ပဋိပက္ခဖြေရှင်းရေးဘာသာရပ်တွေကိုလည်း လေ့လာခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာနကကျင်းပတဲ့ နိုင်ငံတော်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲမှာ အက်ဆေးပထမဆုနဲ့ စကားဝိုင်းဆွေးနွေးပွဲပထမဆုတွေ ရရှိခဲ့ပါတယ်။ IELTS ပညာသင်ဆုအတွက် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အရှေ့အာရှအဆင့်မှာ တတိယဆုရရှိခဲ့ပြီး ဗြိတိသျှကောင်စီရဲ့ IELTS Ambassador တစ်ဦးဖြစ်ပါတယ်။ သူရရှိခဲ့တဲ့ အမှတ်တွေကတော့ Reading 9.0 , Listening 9.0 , Speaking 8.5 , Writing 7.0 , Overall Band Score 8.5 ဖြစ်ပါတယ်။ Model UN၊ Model ASEAN၊ Model ASEM စတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မြန်မာလူငယ်ကိုယ်စားလှယ်အနေနဲ့ ပါဝင်ခဲ့ပြီး အာဆီယံဖောင်ဒေးရှင်းအသိအမှတ်ပြု Model ASEAN Meeting Trainer တစ်ဦးလည်းဖြစ်ပါတယ်။ သားတို့သမီးတို့ နဲ့ မိဘတွေ အတွက် အရမ်းတန်းဘိုးရှိမယ့် အစီအစဉ်ကောင်းလေးဖြစ်မှာပါ။ မဖြစ်မနေ တက်ရောက် နားထောင်စေချင်ပါတယ်။ IELTS နဲ့ပါတ်သက်လို့ Regional အနေနဲ့ အမှတ်အများဆုံး ဆုရထားသလို၊ ပညာသင်ဆုတွေ ရထားတဲ့ လူငယ် ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် IELTS ရဲ့ တရားဝင် Ambassador တစ်ယောက်လည်းဖြစ်တဲ့ အတွက် သားတို့အတွက် နိုင်ငံတကာ စကောလားရှစ်တွေ အကြောင်းဆွေးနွေးပြီး၊ အကြံဉာဏ်ကောင်းတွေ များစွာ ရနိုင်မှာပါ။