Why is Education so important in life

Activity Description

ဆရာ ဉီဘုန်း(ဓာတု) ဆိုရင် လူတိုင်းသိကြပြီးသားမို့ စာပေဟောပြောပွဲတွေမှာ ပြည်တွင်း အပြင်၊ ပြည်ပ နိုင်ငံတကာ အထိ အောင်မြင်စွာ ဟောပြောနေတဲ့ စာရေးဆရာလည်း ဖြစ်၊ ကိုယ်တိုင်လည်း ဓါတုဗေဒ ဘာသာရပ်ဆရာ၊ စာအုပ်ထုပ်ဝေသူ ဖြစ်လို့ သီးခြား မိတ်ဆက်ပေးစရာတော့ မလိုဘူးထင်ပါတယ်။ လာမယ့် အင်္ဂါနေ့ မှာ ဆရာက EDUHOME ကျောင်းသားတွေ နဲ့ တွေ့မှာဖြစ်သလို မိဘတွေနဲ့ လည်း စကား တွေ အများကြီး ပြောဖို့ စီစဉ်ထားပါတယ်။ ထုံစမ်းအတိုင်း ဆရာက သူ့ရဲ့ ဘဝ အတွေ့ကြုံတွေ ထဲက ကျောင်းသားနဲ့ မိဘ ကြား ဆက်ဆံရေး၊ ကျောင်းသား အချင်းချင်းဆက်ဆံရေး၊ ကျောင်းသားနဲ့ ဆရာကြား ဆက်ဆံရေး နဲ့ ဘဝ တစ်လျှောက် လေ့လာသင်ယူစရာတွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် အရင် စာပေဟောပြောပွဲတွေ နဲ့ မတူဘဲ ထူးထူးခြားခြားလေး မိတ်ဆက်ဟောပြောမယ်လို့ ဆရာက သတင်းစကားလေးပါးထားပါတယ်။ ဆရာ့ရဲ့ ပါဝင်အားဖြည့်မှုအတွက် မိဘ၊ ကျောင်းသားများနဲ့ EDUHOME free remote learning ရဲ့ ဆရာ၊ ဆရာမများ Team အဖွဲ့သားများက များစွာ ကျေးဇူးတင်စကားဖြင့် ကြိုဆိုနှုတ်ဆက်ပါတယ် ဆရာ။ မိဘ၊ ကျောင်းသားတွေ အပြင် ပြင်ပ ပရိတ်သတ်များ လည်း ပါဝင်ပူးပေါင်း ဝင်ရောက်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။