EDUTalk Learn Together

Activity Description

၂၁/ဝ၆/၂ဝ၂ဝ ရက်နေ့ တနင်္ဂနွေနေ့ မနက် ၉ နာရီမှာ မိဘတွေ၊ ကျောင်းသား‌တွေနဲ့စကားပြောကြားရင်း မေးခွန်းတွေကိုဖြေကြားပေးမယ့် ကိုညီညီ (တောင်ကြီး) ဟာ ၂ဝဝ၉ ခုနှစ်မှာ အမေရိကားကိုမိသားစုလိုက်ရောက်ရှိခဲ့ပြီး သူတို့ဇနီးမောင်နှံမှာ သမီး ၁ ယောက် နဲ့ သား ၁ ယောက်ရှိပါတယ်။ ၁ဝ နှစ်အတွင်းမှာ ဘဝတစ်ခုအခြေကျဖို့ ရုန်းကန်ကြိုးစားဖို့ထက် သမီးကြီးနဲ့သားငယ်တို့ ၂ ယောက်ကို အမေရိကားရဲ့ပညာရေးစံနစ်နဲ့အံဝင်အောင်ကြိုးစားရတာစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ကိုညီညီ (တောင်ကြီး) တို့ဇနီးမောင်နှံဟာ နှစ်အပိုင်းအခြားတစ်ခုအတွင်းမှာ သမီးနဲ့သားတို့ရဲ့ပညာရေးကိုအဆင့်တစ်ခုရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ မိဘတွေဖြစ်ပါတယ်။ အဓိကတာဝန်ဖြစ်တဲ့ သားသမီးတွေရဲ့ ပညာရေးတာဝန်ယူရင်း ကိုညီညီ (တောင်ကြီး) ဟာ အမေရိကန်နိုင်ငံမှာတွေ့ကြုံရတဲ့အခက်အခဲတွေကိုပြန်လည် မျှဝေဖို့ ကြိုးစားနေသလို "ဒါဖတ်ထားပြီးမှသွားသင့်တဲ့အမေရိကား“ ဆိုတဲ့ စာအုပ်ကို ၂ဝ၁၉ ခုနှစ်မှာထုတ်ဝေနိုင်ခဲ့ပါတယ်။ ဒုတိယစာအုပ်ကိုလည်း ထုတ်ဝေနိုင်ဖို့ဆိုင်းပြင်းနေတာကိုလည်းသိရှိရပါတယ်။ အမေရိကန်ကားကို ပညာသင်ကျောင်းတက်ဖို့ဖြစ်ဖြစ်၊ မိသားစုလိုက်တရားဝင်ပြောင်းရွှေ့လာလို့ပဲဖြစ်ဖြစ်၊ DV ပေါက်ပြီးစာရွက်စာတမ်းကိစ္စအကြောင်းသိချင်လို့ပဲဖြစ်ဖြစ် Page, Group တွေထောင်ပြီးကူညီပြောပြပေးနေတာဟာ အဝေးရောက်မြန်မာတွေအတွက်ဂုဏ်ယူစရာတစ်ခုလို့ ကိုညီညီ (တောင်ကြီး) က အမြဲခံယူပါတယ်။ ကိုညီညီ (တောင်ကြီး) ဟာ အသိပညာမျှဝေဖို့ရည်ရွယ်ချက်နဲ့စာအများစုကိုရေးခဲ့/ရေးနေဆဲဖြစ်သလို ထင်ပေါ်ကျော်ကြားတဲ့နယ်ပယ်အသီးသီးကလူတွေကို အွန်လိုင်းကနေအင်တာဗျူးရင်း အားတက်စရာသင်ခန်းစာတွေပေးဝေနေသူပါ။ Vlog နဲ့ အင်တာဗျူးတွေထဲမှာတော့ YouTube မှာ သူတို့သားအဖအမေးအဖြေလုပ်ထားတဲ့အင်တာဗျူးအများစုက လူသိများပါတယ်။ မှတ်ချက် ။ ။ ကိုညီညီ (တောင်ကြီး) ရဲ့ သမီးက ၂ဝ၁၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဘော်စတွန်မြို့မှာဘွဲ့ရခဲ့ပြီး သားငယ်က ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် အခု (၂ဝ) မှာပါတဲ့ UCLA (University of California, Los Angeles) မှာ စတုတ္ထနှစ်တက်ရန်ပြင်ဆင်နေသူဖြစ်ပါတယ်။ Facebook Account